Code ရေးတတ်ဖို့မလို၊ စာစီစာရိုက်နည်း အနည်းငယ်လေ့လာရုံဖြင့် အဆင်ပြေသွားစေမယ့် ကိုယ်ပိုင်ဝက်ဘ်ဆိုက်တစ်ခုကို WordPress ဖြင့် စတင်ကြရအောင်။
ပထမဦးစွာ browser မှာ www. wordpress.com ရိုက်၊ enter ခေါက်လိုက်ပါတယ်။ ရွေးချယ်စရာတွေထဲက create a free website or build a blog with ease on WordPress.com ……. စာသားပါလင့်ခ်ကို ရွေးချယ်လိုက်ပါတယ်။ (တခြားသင့်တော်တဲ့ လင်ခ့်ကနေဝင်လည်းရပါတယ်)
ပုံထဲက start your site စာသားပါ အပြာရောင်အကွက်ကိုနှိပ်လိုက်တော့ account လုပ်ဖို့ရန် page တစ်ခုပေါ်လာပါတယ်။

ပုံပါအတိုင်း အီးမေးလိပ်စာ၊ username နဲ့ password ဖြည့်ပြီး ပန်းရောင်အကွက် (Create your account) ကိုနှိပ်လိုက်၏။
နောက်ပေါ်လာတဲ့ထဲမှာ မိမိလုပ်ချင်တဲ့ site အမျိုးအစားကို ရွေပေးရပါမယ်။ ထွေရာလေးပါးလျှောက်ရေးမှာမို့ Blog ကိုရွေးပါတယ်။ ဘလော့ဂါလုပ်မှာပါ။

ဘာအကြောင်းရေးမလည်းဆိုတဲ့အပိုင်းမှာ Blogging ကိုရွေးထားပါတယ်။ တကယ်လို့ အောင်သွယ်တော်လုပ်ချင်ရင် dating ကိုရွေးရပါမယ်။ အဲဒါက ပြည်တွင်းမှာတော့ လုပ်ထားတဲ့လူနည်းပါသေးတယ်။ အစားအစာနဲ့ ခရီးသွားဆိုက်က လုပ်တဲ့သူများပုံပဲ။
ရှေ့ဆက်သွားတော့ ပုံပါအတိုင်းပေါ်လာ၏။
မိမိဝက်ဘ်ဆိုက်အမည်ကို ထည့်ပြီး
Continue ကိုနှိပ်ပါတယ်။

အခမဲ့သုံးဖို့ domain name မရွေးပဲ free plan ကိုရွေးပါတယ်။ ဒိုမိန်းအမည်ဝယ်ရင်တော့ ငွေပေးချေစနစ်တွေ ထပ်လာလိမ့်အုံးမယ်။
နောက်ဆုံးအဆင့်မှာတော့ start with a free site အတိုင်းပဲယူပါတယ်။ 
.com တွေ .net နောက် .org စတဲ့နာမည်အလိုက် ဒိုမိန်းရဲ့ဈေးကွာခြားမှုရှိတာလည်း သတိထားမိပါလိမ့်မယ်။
ဝက်ဘ်ဆိုက်တစ်ခု ပြုလုပ်လိုက်နိုင်ပါပြီ။
Play store ကနေ WordPress APK ကို ရယူမလား၊ လိပ်စာကပဲသွားမလား စိတ်ကြိုက်ရွေးနိုင်ပါတယ်