Distance formula

စနစ်သစ် Grade 10 သင်္ချာ၏ Chapter 1, exercise 1.1 မှ နံပါတ် ၁၂ ကိုတွက်ထုတ်ကြည့်ပါတယ်။
12. In a parallelogram PQRS, three of verties are P(1,1), Q(2,6), R(5,3).
Find the midpoint of PR and use it to find the fourth vertex S.
Find also the length of the diagonals.
ဒီပုစ္ဆာက အသစ်လို့သိရပါတယ်။ ဂရပ်ပုံဆွဲပြီး အမှတ်တွေကို အရင်နေရာချပါမယ်။
89496232_829014110899887_8374100489532342272_n
ပထမ သူရှာခိုင်းတာက PR မျဉ်းရဲ့အလယ်မှတ်ဆိုတော့ အမှတ် P ကနေ အမှတ် R ကိုမျဉ်းဖြောင့်တစ်ကြောင်းဆ္ဲပြီး အလယ်မှတ်ကို ပေတံနဲ့တိုင်းယူပါတယ်။ တိုင်းတာတွေ့ရှိမှုအရ PR ရဲ့အလယ်မှတ်က x ဝင်ရိုး 3, y ဝင်ရိုး 2 ဆုံရာမှာရှိတယ်။
89770168_198674858074594_2991819869877436416_n
ဒီကနေ midpoint formula နဲ့ဆက်တွက်ရအောင်။
ကိုသြဒိနိတ်ပြင်ညီပေါ်က A(x₁, y₁) နဲ့ B(x₂, y₂) အမှတ်နှစ်ခုကြားအကွာအဝေးရဲ့ အလယ်မှတ်ပုံသေနည်းက
M_{(x_1,y_1)} = (\frac{x_1+x_2}{2}, \frac{y_1+y_2}{2}) ဖြစ်ပါတယ်။
P(x₁, y₁) = P(1 , 1) နဲ့
R(x₂, y₂) = R(5 , 3) ဖြစ်ပါစေ။
Midpoint of PR = (\frac{1+5}{2} , \frac{1+3}{2})
= (\frac{6}{2} , \frac{4}{2})
=(3, 2)
ပုံကရတဲ့ x ကိုသြဒိနိတ်အမှတ်နဲ့ y ကိုသြဒိနိတ်အမှတ်တူတဲ့အတွက် အဖြေမှန်တယ်ပြောရမှာပါ။ တကယ်လို့ ပုံနဲ့က အဖြေတစ်မျိုးရပြီး ဖော်မြူလာနဲ့တွက်တာအဖြေတစ်မျိုး၊ တခြားစီဖြစ်နေရင် ဘာကြောင့်ဆိုတာ သိအောင်ပြုရပါမယ်။
ဥပမာဆိုရရင် ဒီထဲကပုံကို x ဝင်ရိုးတစ်ယူနစ်နဲ့ y ဝင်ရိုးတစ်ယူတစ် ယူဆွဲပြီးအလယ်မှတ်ရှာမိရင် အခက်တွေ့နိုင်ပါတယ်။
ကောင်းပါပြီ စတုတ္ထမြောက်ထောင့်စွန်းမှတ် S ကို ရှာကြရအောင်။
အနားပြိုင်စတုဂံလို့ပေးထားတဲ့အတွက် စတုတ္ထအမှတ် S ကိုအမှတ် Q ရဲ့ယာဘက်ခပ်လှမ်းလှမ်းမှာ ရှိတယ်လို့ယူဆပြီး အဲဒီနားမှာ
S(x₂, y₂) အမှတ်ကိုရေးပါတယ်။ ဒီနေရာမှာ Q(2 , 6) = Q(x₁, y₁) လို့ ထားပါမယ်။
89670178_2756878631095053_1047303521449279488_n

အနားပြိုင်စတုဂံတစ်ခုမှာ မျက်နှာချင်းဆိုင်အနားတွေပြိုင်သလို အရှည်ချင်းလည်းညီတော့ သူတို့ရဲ့အလယ်မှတ်က ညီပါတယ်။ ဒါကြောင့်
midpoint of PR = midpoint of QS
(3,2) = (\frac{x_1+x_2}{2}, \frac{y_1+y_2}{2})
=(\frac{2+x_2}{2}, \frac{6+y_2}{2})
နှစ်ဘက်စလုံးက x ကိုသြဒိနိတ်နဲ့ y ကိုသြဒိနိတ်နှစ်ခုကို ညီပေးလိုက်ရအောင်
3 = \frac{2+x_2}{2} and 2 = \frac{6+y_2}{2}
6 = 2 + x₂ and 4 = 6 + y₂
x₂ = 4 and y₂ = -2
∴ S(x₂, y₂) = S(4 , -2)
မျက်စိရှင်ရှင်ထားပြီး x ဝင်ရိုး 4 နဲ့ y ဝင်ရိုး -2 ဆုံရာမှာ အမှတ်တစ်ခုကို သတိနဲ့မှတ်ပြီး အမှတ် ၄ ခုကိုဆက်ဆွဲလိုက်တော့
အောက်ကပုံအတိုင်းရ လာပါတယ်။
89731649_1349810705216742_3631695088456826880_n
အဲဗျ… စောစောက S ရှိနေတာဒီမှာကြီးဟ…
မှားများသွားပြီလားထင်မှတ်ပြီး အနားပြိုင်စတုဂံရဲ့ မျက်နှာချင်းဆိုင်အနားတွေကို ပေတံနဲ့တိုင်းကြည့်တော့ညီနေတာပဲ။
ညီရင်မှန်ပါတယ်…စာဖတ်သူအနေနဲ့ မှန် မမှန်ချိန်ကိုက်ကြည့်ချင်ရင် distance formula သုံးပြီး မျက်နှာချင်းဆိုင်
အနားတစ်စုံရဲ့အလျားကို ရှာကြည့်နိုင်ပါတယ်။
ခုတော့နောက်ဆုံးမှာမေးထားတဲ့ diagonals ခေါ် ထောင့်ဖြတ်မျဉ်းရဲ့အရှည်တွေကို distance formula သုံးပြီးရှာပါမယ်။
(x₁, y₁) ဆုံရာအမှတ်နဲ့ (x₂, y₂) ဆုံရာအမှတ်ကိုဆက်ဆွဲထားတဲ့ ဖြတ်မျဉ်းရဲ့ အကွာအဝေး(အရှည်) ကိုရှာတဲ့ပုံသေနည်းက
\sqrt {(x_2-x_1)^2 + (y_2-y_1)^2} ဖြစ်ပါတယ်။
The length of PR = \sqrt {(x_2-x_1)^2 + (y_2-y_1)^2}
= \sqrt {(5-1)^2 + (3-1)^2}
= \sqrt {4^2 + 2^2}
= \sqrt {16 + 4}
= \sqrt {20}
= 4.472

The length of diagonals QS = \sqrt {(4-2)^2 + (-2-6)^2}
= \sqrt {2^2 + (-8)^2}
= \sqrt {4 + 64}
= \sqrt {68}
= 8.246
စံပြအဖြေမဟုတ်ပါ… စံပြအဖြေကို သက်ဆိုင်ရာ ဆရာ၊ ဆရာမတွေကိုယ်တိုင်ပဲ ပြုစုရမယ်လို့မြင်ပါတယ်။

Creating a WordPress site

Code ရေးတတ်ဖို့မလို၊ စာစီစာရိုက်နည်း အနည်းငယ်လေ့လာရုံဖြင့် အဆင်ပြေသွားစေမယ့် ကိုယ်ပိုင်ဝက်ဘ်ဆိုက်တစ်ခုကို WordPress ဖြင့် စတင်ကြရအောင်။
ပထမဦးစွာ browser မှာ www. wordpress.com ရိုက်၊ enter ခေါက်လိုက်ပါတယ်။ ရွေးချယ်စရာတွေထဲက create a free website or build a blog with ease on WordPress.com ……. စာသားပါလင့်ခ်ကို ရွေးချယ်လိုက်ပါတယ်။ (တခြားသင့်တော်တဲ့ လင်ခ့်ကနေဝင်လည်းရပါတယ်)
ပုံထဲက start your site စာသားပါ အပြာရောင်အကွက်ကိုနှိပ်လိုက်တော့ account လုပ်ဖို့ရန် page တစ်ခုပေါ်လာပါတယ်။
wp
ပုံပါအတိုင်း အီးမေးလိပ်စာ၊ username နဲ့ password ဖြည့်ပြီး ပန်းရောင်အကွက် (Create your account) ကိုနှိပ်လိုက်၏။

နောက်ပေါ်လာတဲ့ထဲမှာ မိမိလုပ်ချင်တဲ့ site အမျိုးအစားကို ရွေပေးရပါမယ်။ ထွေရာလေးပါးလျှောက်ရေးမှာမို့ Blog ကိုရွေးပါတယ်။ ဘလော့ဂါလုပ်မှာပါ။
1581952703-picsay

ဘာအကြောင်းရေးမလည်းဆိုတဲ့အပိုင်းမှာ Blogging ကိုရွေးထားပါတယ်။ တကယ်လို့ အောင်သွယ်တော်လုပ်ချင်ရင် dating ကိုရွေးရပါမယ်။ အဲဒါက ပြည်တွင်းမှာတော့ လုပ်ထားတဲ့လူနည်းပါသေးတယ်။ အစားအစာနဲ့ ခရီးသွားဆိုက်က လုပ်တဲ့သူများပုံပဲ။

ရှေ့ဆက်သွားတော့ ပုံပါအတိုင်းပေါ်လာ၏။
မိမိဝက်ဘ်ဆိုက်အမည်ကို ထည့်ပြီး
Continue ကိုနှိပ်ပါတယ်။
w5

အခမဲ့သုံးဖို့ domain name မရွေးပဲ free plan ကိုရွေးပါတယ်။ ဒိုမိန်းအမည်ဝယ်ရင်တော့ ငွေပေးချေစနစ်တွေ ထပ်လာလိမ့်အုံးမယ်။

နောက်ဆုံးအဆင့်မှာတော့ start with a free site အတိုင်းပဲယူပါတယ်။ w7

.com တွေ .net နောက် .org စတဲ့နာမည်အလိုက် ဒိုမိန်းရဲ့ဈေးကွာခြားမှုရှိတာလည်း သတိထားမိပါလိမ့်မယ်။
ဝက်ဘ်ဆိုက်တစ်ခု ပြုလုပ်လိုက်နိုင်ပါပြီ။

Play store ကနေ WordPress APK ကို ရယူမလား၊ လိပ်စာကပဲသွားမလား စိတ်ကြိုက်ရွေးနိုင်ပါတယ်

How to boost Facebook page

Facebook page ကို boost လုပ်နည်း

▇▇▇▇▇▇▇▇▇▇▇▇▇▇▇▇
Facebook Page မှာ Boot လုပ်ဖို့ ဒီနည်းလေးက ရိုးရှင်းပါတယ်။ အဆင်ပြေပါတယ်။ ဒါပေမဲ့ မြို့ ကွာရင် နည်းနည်းလေး ပုံစံကွာနိုင်ပါတယ်။(Bank မှာ ကြုံရမှာကို ဆိုလိုတာပါ။) နောက်တစ်ချက်က….Boost အတွက် ငွေဖြည့်တဲ့ အခါ Visa card သုံးလို့ အဆင်ပြေနိုင်သလို Master Card အသုံးပြုလို့လဲ ရနိုင်ပါတယ်။ ဒီCard နှစ်မျိုးစလုံးက Bank မှာ အဆင်ပြေပြေလုပ်လို့ ရနိုင်ပါတယ်။(နောက်ဆုံးပုံမှာ အသုံးပြုလို့ ရတဲ့ Card လေးမျိုးပုံလေးကို ပြပေးထားပါတယ်။)
အသုံးပြုပုံ ပြုနည်းကတော့ အောက်မှာ Copy Post လေးထဲမှာ ကောင်းကောင်းကို ရှင်းပြထားပါတယ်။……Boost တင်တိုင်းတော့ မဟုတ်သေးပေမဲ့
Boost တင်မှ Pageက ထိရောက်မှာပါ။ ဒါပေမဲ့ ဆောင်ရန် ၊ ရှောင်ရန် နည်းလမ်းလေးတွေ၊ ငွေမဖြည့်ခင် ကြိုလုပ်ထားသင့်တဲ့ အချက်လေးတွေ လည်းရှိသေးပါတယ်။ ကြုံတဲ့ အခါ Post လေး တင်ပြီး ရှင်းပြပေးပါမယ်။
အဆင်ပြေကြပါစေ။
***********************************************

Placeholder Image
Facebook Boost က ဘာအကျိုးရှိစေလဲ ?
ယနေ့ခေတ်မှာ Facebook အသုံးပြုသူပေါင်းဟာ လူဦးရေ သန်း ၇၀၀၀ မှာ သန်း ၁၂၀၀ ရှိနေပါတယ်။ မြန်မာပြည်မှာတင် Facebook ပေါ်ကနေ စီးပွားရေး လုပ်နေသူပေါင်း ၆ သိန်း ကျော် ရှိကြပါတယ်။

နေ့စဉ် Facebook ပေါ်ကို စိတ်ဝင်စားစရာ အကြောင်းအရာတွေ ၊ ကြော်ငြာတွေ ၁၅ သန်းမျှ အထိ တက်နေပါတယ်။
ဒီလိုအခြေအနေမှာ မိမိလုပ်ငန်းအကြောင်းအရာဟာ အခြားလုပ်ငန်းတွေကြားထဲမှာ မြုပ်မနေစေဖို့အတွက် Facebook မှာ သာမန် Post တင်နေရုံနဲ့ မလုံလောက်တော့ပဲ Facebook ကို ပိုက်ဆံပေးပြီး Boost လုပ် ၊ ကြော်ငြာ လာရပါတယ်။
Boost ဆိုတာ အမြဲတမ်းလုပ်နေစရာတော့ မလိုပါဘူး။ ကိုယ်သိစေချင်တဲ့ အချက်အလက်တွေကို အချိန်တိုတိုနဲ့ လူများများ သိစေချင်တဲ့ အချိန်ရောက်မှသာ Boost လုပ်ဖို့ လိုပါတယ်။

Boost လုပ်ခြင်းဖြင့်�   မိမိလုပ်ငန်းအကြောင်း လူပိုသိလာမယ်။
  ‌ငွေနည်းနည်းနဲ့ ကြော်ငြာပြီးသား ဖြစ်မယ်။
  မိမိလုပ်ငန်း ဝင်ငွေပိုများလာမယ်။
  မိမိ‌ဖောက်သည်နဲ့ တိုက်ရိုက်ဆက်ဆံနေရတဲ့အတွက် လိုအပ်ချက်ကို အမြန်ဆုံး ဖြည့်ဆည်းပေးနိုင်မယ်။
Boost လုပ်ရန် အခြေခံ လိုအပ်ချက်များ Facebook Page ရှိရမယ်။ (Account မဟုတ်ရပါ။)
Visa Card ရှိရမယ်။ Boost လုပ်တတ်ရမယ်။

Facebook Page ပြုလုပ်ရန် ညာဘက်ထောင့်စွန်းက ခလုတ်လေးကို နှိပ်ပါ။

Create Page ဆိုတာကို နှိပ်ပါ။ ပြီးလျှင် GET STARTED ကို နှိပ်ပါ။

• မိမိတည်ထောင်လိုသော Page အမည်ကို ရိုက်ထည့်ပါ။
* အမည်တူရှိပါက အနီရောင်စာများ ပေါ်လာပါမည်။ �
* အခြားအမည် ပြောင်းပါ။ �
• လုပ်ငန်းအမျိုးအစား Category ရွေးချယ်ပါ။
• NEXT နှိပ်ကာ ခိုင်းသလို ဆက်လက်လုပ်ဆောင်ပါ။

VISA Card ပြုလုပ်ရန်� CB Bank, KBZ Bank, AYA Bank များသို့သွားပါ။
 Visa Card လုပ်ချင်ပါသည် ဟု ပြောလျှင် အဆင်ပြေစွာ ဆောင်ရွက်ပေးပါလိမ့်မည်။

VISA Card ပြုလုပ်ရန်
ဘဏ်သို့သွားလျှင်
 မှတ်ပုံတင်မူရင်း နှင့် မိတ္တူ� မိဘ မှတ်ပုံတင် နံပါတ်� ဒေါ်လာ ၅၀ အနည်းဆုံး� Card အတွက် မြန်မာငွေ ၁၀,၀၀၀ ကျပ် စသည်တို့ ယူဆောင်သွားပါ။

*  အမေရိကန် ဒေါ်လာ လက်ထဲ မရှိလျှင် ဘဏ်တွင် ပေါက်ဈေးဖြင့် တွက်၍ မြန်မာငွေဖြင့် ပေးသွင်းနိုင်ပါသည်။ �
*  VISA Card ကို အချို့ဘဏ်များက သုံးသူအမည် ထိုးပေးပါသည်။ �
*  Card ရရန် တစ်ရက် စောင့်ရပါသည်။ �
*  Card အသုံးပြုပုံများကို ဘဏ်မှ ရှင်းပြပါမည်။ �(Facebook အပြင် အခြားသော နေရာများတွင်လည်း သုံး၍ ရနိုင်သောကြောင့် ဖြစ်ပါသည်။) �

Boost လုပ်ရန်� မိမိ Page မှ တင်သော Post
များကိုကြည့်ပါ။
 ညာဘက်အောက်ခြေတွင် Boost Post ဟူသော ခလုတ်တွေ့ရပါမည်။
 Post တိုင်း Boost လုပ်ရန် မလိုပါ။
 မိမိလုပ်လိုသော Post ကိုသာ ရွေးချယ် Boost လုပ်ပေးပါ။

Boost Post ခလုတ်ကိုနှိပ်ပါ။
• ဖော်ပြထားသော အဝါနုရောင်မျဉ်းကြောင်းသည် မိမိ Post ကို Boost မလုပ်မီတွင် သဘာဝအလျောက် မြင်ရသော အနေအထား ဖြစ်ပါသည်။
• လူ ၆၀၀၀ ကျော် မြင်ပြီးသော်လည်း Like ၆ ခု သာ ရသေးကြောင်း သတိပြုမိမှာပါ။

* မိမိစိတ်ကြိုက် ရွေးချယ်၍ ကြော်ငြာလိုသူကို သတ်မှတ်ပါ။ �
* မိမိ Page ကို တစ်ခါမှ မတွေ့ဖူးသူလဲ မိမိကြော်ငြာကို တွေ့ပါလိမ့်မည်။ �
* ကြော်ငြာလိုသော နေရာရွေးပါ။ ဤခလုတ်ကို နှိပ်ပါ။ �
* ကြော်ငြာကို တွေ့စေလိုသူ အသက်နှင့် ကျားမ အပိုင်းအခြား သတ်မှတ်ပါ။ �

* အောက်ဆက်ဆင်းလာပါ က ကြော်ငြာမည့် ငွေပမာဏ သတ်မှတ်သည့် နေရာကို တွေ့ရပါမည်။ �
* မိမိစိတ်ကြိုက် ပမာဏ ရွေးချယ်နိုင်ပါသည်။ �
* Like များများရရန် ငွေများများ သုံးရပါမည်။ �
* 81.3 k = 81300 လူဦးရေကို �ရည်ညွှန်းပါသည်။ �
* နမူနာအနေဖြင့် $200 ရွေးပြထားပါသည်။ �
• •

ဘယ်နှစ်ရက် ကြော်ငြာမလဲ ရွေးလို့ရပါတယ်။
Total Budget ကို $200 ရွေးထားလို့ ၃ ရက် ကြော်ငြာရင် တစ်ရက်ကို $66 ကျသင့်မှာပါ။
အနည်းဆုံး တစ်နေ့ $1 ကနေ စကြော်ငြာလို့ ရပါတယ်။

*  သင်၏ VISA Card ကို စတင်သုံးရမည့် နေရာဖြစ်ပါသည်။ �
*  ပထမဆုံး စသုံးလျှင် Card တွေ ရွေးစရာ ပေါ်လာပါမည်။ �
*  VISA ကိုသာ ရွေးပါ။ �

• ထို့နောက်တွင် သင်၏ VISA Card အရှေ့ဘက်မှ နံပါတ်များကို ရိုက်ထည့်ပါ။

* ပြီးလျှင် Confirm လုပ်ရန် Security Code ဆိုတာ တောင်းပါမည်။ �
* သင်၏ VISA Card အနောက်ဘက်မှ နံပါတ်ကို ရိုက်ထည့်ပါ။ �

အထူး သတိပြုရန်
သင်၏ VISA Card ၏ ရှေ့နှင့် နောက်မှ နံပါတ်များကို အခြားသူ ပေးမသိပါနှင့်။
ထိုနံပါတ်များ ရသွားလျှင် သင်၏ Card သင့်လက်ထဲမှာ ရှိနေလျက်နှင့်ပင် သင်၏ငွေကို သင်မသိဘဲ သုံးလို့ရပါသည်။
ထ့ေို ကြာင့် သတိရှိပါ။

အားလုံးအဆင်ပြေ သွားလျှင် အောက်ပါအတိုင်း သင်၏အမည်နှင့် သင်၏ VISA Card ရှေ့နံပါတ်များ၏ နောက်ဆုံး ဂဏန်း ၄ လုံးပေါ်လာမည် ဖြစ်ပါသည်။

အားလုံး ကျေနပ်ပြီဆိုလျှင် Boost for $ အပြာရောင်ခလုတ်ကို နှိပ်၍ ဆောင်ရွက်နိုင်ပါသည်။

*  သင် Boost လုပ်ငန်းစဉ် ပြီးဆုံးသွားပါက Facebook ၏ စည်းကမ်းချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးရန် ၁၅ မိနစ် မျှ ကြာမြင့်မည် ဖြစ်ပါသည်။ �
*  ခွင့်ပြုလျှင် သင့်ထံသို့ ထပ်မံ အသိပေး Notify လုပ်မည် ဖြစ်ကာ Boost စတင်မည် ဖြစ်ပါသည်။ �

Location/ Region/ Address ဘယ်လို ရွေးမလဲ
• ကြော်ငြာလိုသော နေရာရွေးပါ။ ဤခလုတ်ကို နှိပ်ပါ။

* မိမိ ကြော်ငြာလိုသော နေရာကို ရိုက်ထည့်၍ ရွေးချယ်နိုင်ပါသည်။ �
* ဥပမာအနေဖြင့် Mandalay ကို ရှာပြထားပါသည်။ �

* မိမိကြော်ငြာလိုသော သူများ �စိတ်ဝင်စားနိုင်သည့် အကြောင်းအရာများကို ဦးစားပေး ရွေးချယ်ပါ။ �
* ဥပမာ – Business, Customer Service စသဖြင့် ဖြစ်ပါသည်။ �
* အခြားလည်း များစွာ ရှိပါသည်။ �
* စိတ်ဝင်စားသည့် အကြောင်းအရာ Interest ကို ၄ ခု မှ ၁၀ ခု အထိ ရွေးနိုင်ပါသည်။ �
* ပြီးလျှင် Done ကို နှိပ်ပါ။ �

Page တစ်ခုလုံးကို ကြော်ငြာလိုလျှင်
* Promote ကိုနှိပ်ပါ။ �
* အထက်ပါဖော်ပြခဲ့သော နည်းလမ်းများအတိုင်း ဆက်လက်လုပ်ဆောင်ပါ။ �
* Page တစ်ခုလုံးကို ကြော်ငြာခြင်းသည် သာမန်ထက် ဈေးပိုများတတ်ပါသည်။ �

Facebook Official Certified ပညာရှင်မှ စီစဉ်ရေးသားပေးပါသည်။
အဆင်ပြေရင် Like & Share လုပ်ဖို့မမေ့နဲ့နော်

#Credit – ညီလတ်ထွန်း(နည်းပညာ)

Introduce Yourself (Example Post)

This is an example post, originally published as part of Blogging University. Enroll in one of our ten programs, and start your blog right.

You’re going to publish a post today. Don’t worry about how your blog looks. Don’t worry if you haven’t given it a name yet, or you’re feeling overwhelmed. Just click the “New Post” button, and tell us why you’re here.

Why do this?

  • Because it gives new readers context. What are you about? Why should they read your blog?
  • Because it will help you focus you own ideas about your blog and what you’d like to do with it.

The post can be short or long, a personal intro to your life or a bloggy mission statement, a manifesto for the future or a simple outline of your the types of things you hope to publish.

To help you get started, here are a few questions:

  • Why are you blogging publicly, rather than keeping a personal journal?
  • What topics do you think you’ll write about?
  • Who would you love to connect with via your blog?
  • If you blog successfully throughout the next year, what would you hope to have accomplished?

You’re not locked into any of this; one of the wonderful things about blogs is how they constantly evolve as we learn, grow, and interact with one another — but it’s good to know where and why you started, and articulating your goals may just give you a few other post ideas.

Can’t think how to get started? Just write the first thing that pops into your head. Anne Lamott, author of a book on writing we love, says that you need to give yourself permission to write a “crappy first draft”. Anne makes a great point — just start writing, and worry about editing it later.

When you’re ready to publish, give your post three to five tags that describe your blog’s focus — writing, photography, fiction, parenting, food, cars, movies, sports, whatever. These tags will help others who care about your topics find you in the Reader. Make sure one of the tags is “zerotohero,” so other new bloggers can find you, too.

Design a site like this with WordPress.com
Get started